ထောပတ်သီးများအား တရုတ်-မြန်မာနယ်စပ်မှသည် စူပါမားကတ်ဆိုင်ခွဲများဆီသို့ တင်ပို့ရောင်းချလျက်ရှိ

အရင်းအမြစ်:ယူနန်နေ့စဥ်သတင်းစာ   |    2024-08-26 20:35:00

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် တည်ရှိသော မန်ရှင်ကျေးရွာသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော ထောပတ်သီး“Freshippo ကျေးရွာ”ဖြစ်သည်။ (“Freshippo ကျေးရွာ”ဆိုသည်မှာ Freshippo စူပါမားကတ်များအတွက် စိုက်ပျိုးရေးထွက်ကုန်များကို မှာကြားမှုများအတိုင်းသာ စိုက်ပျိုးသည့်ကျေးရွာဖြစ်သည်၊ Alibaba ဒစ်ဂျစ်တယ်လယ်ယာစိုက်ပျိုးရေးအခြေစိုက်စခန်း၏ ထူးခြားသော ကိုယ်စားလှယ်ဖြစ်ပြီး လက်ရှိကျေးလက်အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နမူနာအသစ်လည်းဖြစ်သည်။) တရုတ်နိုင်ငံ၏ အစွန်အဖျားဆုံး "Freshippo ကျေးရွာ" လည်းဖြစ်သည်။

"ကျွန်တော် အဲဒါထောပတ်သီးတွေကို ရေတွက်လို့တောင် မနိုင်ဘူး။" အလုပ်အားလပ်ချိန်အတွင်း မန်ရှင်ကျေးရွာရှိ စိုက်ပျိုးရေးအခြေစိုက်စခန်းမှ စီမံထိန်းသိမ်းရေးဝန်ထမ်း အိုက်ရွှမ်းသည် ထောပတ်သီးပင်တွင် သီးသော အသီးအရေအတွက်ကို ရေတွက်လေ့ရှိသည်။ "ထောပတ်သီးပင်ကြီးတစ်ပင်မှာ အသီး ၁၀၀၀ ကျော် အများဆုံးသီးတတ်တယ်။" စူပါမားကတ်တွင် ထောပတ်သီးတစ်လုံးလျှင် တရုတ်ငွေ ၁၀ ယွမ်ခန့်ဖြင့် ရောင်းချသည်။ အသီးအနှံများကို ရေတွက်ခြင်းသည် သူ၏နေ့စဉ် ပျော်ရွှင်မှု အရင်းအမြစ်ဖြစ်လာသည်။

အိုက်ရွှမ်းသည် ဂရုတစိုက် စီမံထိန်းသိမ်းထားသော ထောပတ်သီးများကို "Freshippo" စူပါမားကတ်များသို့ တိုက်ရိုက် ပေးပို့ရောင်းချပြီး တရုတ်နိုင်ငံတစ်ဝှမ်းရှိ မြို့ပြများသို့ ဝင်ရောက်လာခဲ့ပါသည်။ နှစ်စဉ် ထောပတ်သီး တရုတ်ယွမ် သန်း ၃၀ ကျော်ဖိုး ရောင်းချရပြီး နယ်စပ်ကျေးရွာများအတွက် ဝင်ငွေအတော်အတန် တည်ငြိမ်စွာ ဆောင်ကြဥ်းလာပါသည်။ ဤလျှို့ဝှက်ဆန်းကြယ်ပြီး သာယာလှပသော နယ်စပ်ကျေးရွာသို့ လူများ အာရုံစိုက်လာစေရန် ဆွဲဆောင်လျက်ရှိသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)

ထောပတ်သီးများအား တရုတ်-မြန်မာနယ်စပ်မှသည် စူပါမားကတ်ဆိုင်ခွဲများဆီသို့ တင်ပို့ရောင်းချလျက်ရှိ