တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့သည် သရက်သီးများကို အခမဲ့ဖြန့်ဝေ
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၏ လမ်းမလမ်းငယ်အသီးသီးတို့တွင် သရက်သီး၊ ပိန္နဲသီးနှင့် တရုတ်နှင်းသီးစသည့် တန်ဆာဆင်ထားသော သီးပင်သစ်ပင်အများအပြားကို စိုက်ပျိုးကြသည်။ မြို့ပြစိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးသော သစ်သီးဝလံများ ရင့်မှည့်လာပြီးနောက် ရွှေလီမြို့၏ သက်ဆိုင်ရာ ဌာနများသည် ကျွမ်းကျင်သော သစ်သီးဝလံဆွတ်ခူးခြင်းအဖွဲ့ကို ဖွဲ့စည်းပြီး အဆင့်ဆင့် တစ်စုတစ်စည်းတည်း ခူးဆွတ်ခြင်း ဆောင်ရွက်ပါသည်။ မြို့သူမြို့သားများအား အခမဲ့ မြည်းစမ်းကြည့်ရန် ဖိတ်ခေါ်ပါသည်။
အသီးအနှံများ ဖြန့်ဝေရာနေရာ၌ မြို့သူမြို့သားများနှင့် ခရီးသွားဧည့်သည်များသည် အသီးအနှံများရရှိရန် စည်းစနစ်တကျ စီတန်းစီတန်းကာ အချင်းချင်း ပျော်ရွှင်စွာ ဝေမျှကြသည်။ ၎င်းတို့၏ ပျော်ရွှင်မှုနှင့် ချိုမြိန်မှုများမှာ ပြောမပြတတ်ပေ။
ဆောင်းပါးအရင်းအမြစ် ။ ။ ရွှေလီမြို့မီဒီယာစင်တာ
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)