တရုတ်-မြန်မာ နယ်စပ် ၁၉၉၀ ပြည့်လွန်နှစ်များ မွေးဖွားသော လင်မယားတို့သည် လိုင်းလွှင့်အခန်းကို သစ်သီးခြံသို့ ပြောင်းရွှေ့ခဲ့

အရင်းအမြစ်:ယူနန်သတင်းကွန်ရက်   |    2024-06-26 13:09:00

“လိုင်းလွှင့်အခန်းကို ၀င်ရောက်တဲ့ မိတ်ဆွေတွေ ကြိုဆိုလိုက်ပါတယ်။ ကျွန်မဟာ အခု တည်ရှိတဲ့နေရာဟာ လိမ္မော်သီးခြံပါ။ ကျွန်မ ကိုင်ထားတဲ့ လိမ္မော်သီးရဲ့ အသားအရေ ပါးပါးလေး။ လတ်ဆတ်ပြီး အရသာလည်း ချိုပါတယ်။ အရည်လည်းရွှမ်းတယ်။ ဝယ်ချင်တဲ့ မိတ်ဆွေတွေက အခုပဲ အော်ဒါတင်လိုက်ပါ။”

တယ်ဟုန် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် တည်ရှိသော လိမ္မော်သီးခြံတစ်ခုတွင် အင်တာနက် လိုင်းလွှင့်သူ တိန့်မီးသည် လိုင်းလွှင့်အခန်းကို သစ်သီးခြံသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနေ့တွင် လိုင်းလွှင့်ခြင်းဖြင့် တရုတ်နိုင်ငံရှိ ဒေသအသီးသီးမှ အော်ဒါ ၁၀၀ ကျော် ရရှိခဲ့သည်။

တိန့်မီးနှင့် သူ့အမျိုးသား ရင်းချန်းချောင်တို့သည် ၁၉၉၀ ပြည့်လွန်နှစ်များ မွေးဖွားသော လင်မယားဖြစ်သည်။ လက်ရှိအချိန်တွင် အင်တာနက် လိုင်းလွှင့်ခြင်းဖြင့် ကုန်စည်ရောင်းဝယ်ရေးမှာ အုတ်အုတ်ကျက်ကျက် ရေပန်းစားလျက်ရှိနေသည်။ ကျေးရွာတွင် အော်ဂဲနစ် စိုက်ပျိုးရေးထွက်ကုန်များ အများအပြား ဝှက်ထားသည်ကို တွေ့ရှိခဲ့ပြီး လယ်သမားများအား အရောင်းလိုင်းများ ချဲ့ထွင်နိုင်ရန် လိုင်းလွှင့်မှုမှတစ်ဆင့် စိုက်ပျိုးရေးထွက်ကုန်များကို စမ်းသပ်ရောင်းချမည်ဟု သူတို့က စဉ်းစားခဲ့ကြသည်။

လိုင်းလွှင့်မှုအတွင်းတွင် တိန့်မီးသည် လိမ္မော်သီးများကို ရောင်းချရန် စိုက်ပျိုးသူများအား ကူညီပေးခဲ့သည်။ စိုက်ပျိုးသူလူတိုင်း၏ ၀င်ငွေလည်း တိုးများစေလာသည်။ ဤစိုက်ပျိုးရေးအကူအညီပုံစံသည် လိမ္မော်သီးမျာစိုက်ပျိုးသူများအတွက် ပိုမိုကျယ်ပြန့်သော အရောင်းလမ်းကြောင်းများကို ထောက်ပံ့ပေးရုံသာမက တိန့်မီးနှင့် သူ့အမျိုးသားတို့အား ချမ်းမြေ့သာယာမှု ပို၍ ရရှိစေသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

တရုတ်-မြန်မာ နယ်စပ် ၁၉၉၀ ပြည့်လွန်နှစ်များ မွေးဖွားသော လင်မယားတို့သည် လိုင်းလွှင့်အခန်းကို သစ်သီးခြံသို့ ပြောင်းရွှေ့ခဲ့