တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူကျင့်မြို့မှ သံမဏိတန်ချိန် ၁၀၀၀ တန်ကို လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့

အရင်းအမြစ်:ယူနန်နေ့စဥ်သတင်းစာ   |    2024-06-23 13:05:00

ယခုရက်ပိုင်းတွင် အလုပ်သမားများသည် ယူနန်ပြည်နယ် ချူကျင့်မြို့ သံမဏိအုပ်စုအဖွဲ့ စွမ်းယုတ်သံမဏိကုမ္ပဏီလီမိတက်၌ တရုတ်ရထားလမ်းအုပ်စုအဖွဲ့၏ ကွန်တိန်နာများထဲသို့ ခရုပတ်သံမဏိများကို တင်ဆောင်ရန် ကရိန်းကို လည်ပတ်ဆောင်ရွက်နေကြသည်။ တန်ချိန် ၉၈၀ တန်ရှိသော သံမဏိ တင်ဆောင်ပြီးစီးပြီးနောက် ကုန်စည်ပို့ရထားဖြင့် ချူကျင့်ဘူတာမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ တင်ပို့မည်ဖြစ်ပြီး စုစုပေါင်းခရီးစဥ်မှာ ကီလိုမီတာ ၆၉၀ ရှိသည်။

“ဒီနေ့ ကျွန်တော်တို့လုပ်ငန်းအဖွဲ့ဟာ နိုင်ငံတကာရထားဖြင့် ကုန်စည်တွေကို ပထမဆုံးအကြိမ် ပို့ဆောင်ခဲ့ပါတယ်။ တန်ချိန် ၉၈၀ တန်ရှိတဲ့ သံမဏိတွေကို တင်ဆောင်ပြီးနောက် ကုန်စည်ပို့ရထားဖြင့် ချူကျင့်ဘူတာကတစ်ဆင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ တိုက်ရိုက်ပို့ဆောင်ပါမယ်။ အဆိုပါရထားဟာ ဒီနေ့ ည ၉ နာရီမှာ ထွက်ခွာမှာပါ။ ၅ ရက်ဝန်းကျင်လောက်မှာ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ဆိုက်ရောက်ပါမယ်”ဟု ယူနန်ပြည်နယ် ချူကျင့်မြို့ သံမဏိအုပ်စုအဖွဲ့ စွမ်းယုတ်သံမဏိလီမိတက်ကုမ္ပဏီမှ ဒုတိယအထွေထွေမန်နေဂျာ ဟွမ်ယုတ်ကျဲ့က ပြောသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူကျင့်မြို့မှ သံမဏိတန်ချိန် ၁၀၀၀ တန်ကို လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့