တရုတ်-မြန်မာ နယ်စပ်တွင် ဓာတ်ပုံရိုက်လိုက်ရုံနှင့် “မှော်ဆန်တဲ့သတ္တဝါများ”တွေ့ရပါလိမ့်မည်
ဇွန်လတွင် တရုတ်-မြန်မာ နယ်စပ် တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင်တွင် တည်ရှိသော “တရုတ်အောက်ချင်းငှက်ချိုင့်ဝှမ်း”၏ နေရာအနှံ့တွင် ရှင်သန်မှုနှင့် ပြည့်နှက်လျက်ရှိသည်။ ဤနေရာသည် တရုတ်နိုင်ငံတွင် တောရိုင်းတိရစ္ဆာန်နှင့် အပင်မျိုးစိတ်များ ဖြန့်ကျက်မှုအများဆုံးနှင့် အထူထပ်ဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။
တယ်ဟုန်ပြည်နယ်ခွဲ သဘာ၀ဂေဟဗေဒ ဓာတ်ပုံဆရာ ကျိန့်စန်ဟယ်သည် ဤနေရာတွင် နိုင်ငံတော်အဆင့် ကာကွယ်ထားသော တိရစ္ဆာန်များစွာကို စနေနှင့် တနင်္ဂနွေအတွင်းတွင်သာ အလွယ်တကူ ဓာတ်ပုံရိုက်ကူးခဲ့သည်။ "ကျွန်တော် ဟူနန်ပြည်နယ်က လာတာပါ။ ဒုတိယနေ့မှာ အဖိုးတန် အောက်ချင်းငှက်တွေကို ဓာတ်ပုံရိုက်နိုင်မယ်လို့ မမျှော်လင့်ထားဘူး။ အရမ်းကံကောင်းတယ်။ ဒီခရီးစဉ်ကအရမ်းတန်ပါတယ်”ဟု ဓာတ်ပုံဆရာ ကျန်းရှောက်ချင်းက ပျော်ရွှင်စွာ ပြောသည်။
ယခုအချိန်အထိ ရင်ကျန်းခရိုင်တွင် ငှက်မျိုးစိတ်ပေါင်း ၇၁၉ မျိုးကို မှတ်တမ်းတင်ထားပြီး တရုတ်နိုင်ငံ၏ ငှက်မျိုးစိတ်များ၏ ၅၀% နီးပါး ပါ၀င်သည့်အတွက် တရုတ်နိုင်ငံတွင် ငှက်သယံဇာတများ အပေါများဆုံးသော ဒေသဖြစ်သကဲ့သို့ အမည်ကျော်ကြားသော "တရုတ်နိုင်ငံ၏ ငှက်သယံဇာတများ နံပါတ် ၁ ခရိုင်" လည်းဖြစ်ကြောင်း ရင်ကျန်းခရိုင်ငှက်ရှုစားခြင်းအသင်းဥက္ကဌ ပန်းတင့်ရင်က မိတ်ဆက်သည်။
မကြာသေးမီနှစ်များအတွင်း ရင်ကျန်းခရိုင် ရှစ်ထီကျေးရွာသည် ငှကရှုစားခြင်းနေရာ ၄၀ ကျော်ကို တည်ထောင်ထားပြီး နှစ်စဉ် ငှက်ကြည့်ခရီးသွားဧည့်သည် ၂၀၀၀၀ ကျော်ကို ဧည့်ခံသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်သတင်းကွန်ရက်
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)