နွေဦးကာလ၏ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ။ ။ တရုတ်-မြန်မာ နယ်စပ်ဒေသတွင် တောရိုင်းဟင်းသီးဟင်းရွက်၏ ဘုရင်ဖြစ်သော ဒရင်ကောက်
တရုတ်-မြန်မာ နယ်စပ် တယ်ဟုန် တိုင်(ရှမ်း)၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် မိုးရွာပြီးနောက်တွင် ပုံစံအမျိုးမျိုးရှိသော လတ်ဆတ်ပြီး နူးညံ့သော ဒရင်ကောက်ပျိုးပင်များကို တောတောင်များနှင့် လွင်ပြင်တစ်ခွင်လုံး၌ လေထဲတွင် လှုပ်လှုပ်ရွရွဖြင့် မြင်တွေ့ရနိုင်ပါသည်။ တောရိုင်းဒရင်ကောက်များသည် ထူထပ်သော တောင်ပေါ်သစ်တောများတွင် နေရောင်ခြည်၊ မိုးနှင့် နှင်းများကို စုပ်ယူနိုင်ပြီး သဘာဝအတိုင်း ပေါက်ရောက်ကာ ပိုးသတ်ဆေး သို့မဟုတ် ဓာတုဓာတ်မြေဩဇာများ၏ ညစ်ညမ်းမှုကို မခံရသဖြင့် ခူးဆွတ်မြည်းစမ်းခြင်းသည် သဘာဝနှင့်နီးစပ်သော ကောင်းမွန်သော အတွေ့အကြုံတစ်ခုဖြစ်သည်။
လုံချွမ်းခရိုင်တွင် ဒရင်ကောက်များ ချက်ပြုတ်သည့် နည်းလမ်း များစွာ ရှိပါသည်။ သုပ်စားခြင်း၊ ကြော်စားခြင်းနှင့် ပြုတ်စားခြင်းဖြင့် အရသာ မျိုးစုံရှိပါသည်။ သို့သော်လည်း တူညီသည်မှာ ၎င်းတို့အားလုံးသည် သဘာဝကပေးသော လတ်ဆတ်ပြီး နူးညံ့သောအရသာရှိကာ စစ်မှန်သော နွေဦးအရသာအဖြစ် ဖန်တီးထားသော စားကောင်းသောက်ဖွယ်များပင် ဖြစ်သည်။
ဆောင်းပါးအရင်းအမြစ် ။ ။ လုံချွမ်းခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဒေါက်တာထိုက်လွင်ကို(မြန်မာနိုင်ငံသား)