ယူနန်ပြည်နယ် တရုတ်-လာအို နှစ်နိုင်ငံနယ်စပ်ပြည်သူပြည်သားများ “နိုင်ငံတကာ လောက်ကိန့်”တာ့ကန်ဘိုက်စျေးရောင်းပွဲတော်သည် အလွန် စည်ကားသည်
မေလ ၁၁ ရက်နေ့တွင် ယူနန်ပြည်နယ် စစ်ဆောင်ပန်းနား တိုင်(ရှမ်း)တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မွန်လှခရိုင်သည် တရုတ်-လာအို နယ်စပ် မန်းလျယ်ကျေးရွာတွင် တရုတ်-လာအို နှစ်နိုင်ငံနယ်စပ်ပြည်သူပြည်သားများ “နိုင်ငံတကာ လောက်ကိန့်”တာ့ကန်ဘိုက်စျေးရောင်းပွဲတော်ကို ကျင်းပခဲ့ပါသည်။
အဆိုပါစျေးရောင်းပွဲတော်သည် အလွန်စည်ကားပါသည်။ ဒေသအသီးသီးတို့မှ တိုင်(ရှမ်း)လူမျိုး၊ ဟာနီလူမျိုး၊ ယောင်လူမျိုးတို့နှင့် လာအိုနိုင်ငံ မွန်ရှင်းခရိုင်မှ ကုန်သည်များသည် အသေးစိတ် ပြုလုပ်ထားသော စားကောင်း သောက်ဖွယ်အမျိုးမျိုးနှင့် အထူးထွက်ကုန်များကို ရောင်းချပါသည်။ လာအိုသစ်သီးစုံသုပ်၊ နေ့စဥ်သုံးပစ္စည်းများ၊ တိုင်(ရှမ်း)လူမျိုးအကင်များ၊ ရေညှိကောက်ညှင်းထုပ်စသည့် စားကောင်းသောက်ဖွယ်များသည် အဆိုပါစျေးရောင်းပွဲတော် အပြည့် ခင်းကျင်းရောင်းချနေပါသည်။

သမားရိုးကျ စားကောင်းသောက်ဖွယ်စျေးရောင်းပွဲတော်အပြင် တရုတ်-လာအို လူငယ်များ ပြုလုပ်ကြသည့် ယဥ်ကျေးမှုဖလှယ်ရေးပွဲနှင့် စားကောင်းသောက်ဖွယ်များ မြည်းစမ်းသုံးဆောင်ပွဲတို့သည်လည်း အလွန်စည်ကားပါသည်။ မွန်လှသက်မွေးဝမ်းကျောင်းအဆင့်မြင့်အထက်တန်းကျောင်းမှ လာအိုနိုင်ငံပညာတော်သင်ကျောင်းသူကျောင်းသားများ သည် အဆိုပါကျေးရွာတွင် လာအိုရေခဲကော်ဖီကဲ့သို့ စားကောင်းသောက်ဖွယ်များကို ရောင်းချခဲ့ပါသည်။
အဆိုအက တတ်ကျွမ်းသော တိုင်(ရှမ်း)လူမျိုးများနှင့် လာအိုနိုင်ငံမှ မိတ်ဆွေများသည် အားပါးတရ သီဆိုကခုန်ကြပြီး ပွဲတော်လာဧည့်သည်တော်များအတွက် ဆန်းတင့်ဝေဆာလှသော အနုပညာဖျော်ဖြေရေးပွဲကို တင်ဆက်ခဲ့ပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ စစ်ဆောင်ပန်းနားပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာန
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)