တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် Blossom-headed ကြက်တူရွေးများသည် အသိုက်လုပ်ပြီး သားဝပ်နေကြ

အရင်းအမြစ်:တယ်ဟုန်ပြည်နယ်ခွဲ မီဒီယာစင်တာ   |    2024-04-30 19:33:24

ယခုရက်ပိုင်းတွင် ဂေဟပတ်ဝန်းကျင် ဓာတ်ပုံဆရာများသည် တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့တွင် တရုတ်ပြည်တွင်းတွင် ရှားပါးသော ကြက်တူရွေးများ အသိုက်လုပ်ပြီး သားဝပ်နေကြသည့် ဗီဒီယိုလေးကို ရိုက်ကူးခဲ့ပါသည်။ ယခုအကြိမ်သည် ရွှေလီမြို့တွင် အဆိုပါမျိုးစိတ်၏ သားမွေးခြင်းလှုပ်ရှားမှုကို ပထဆုံးအကြိမ် စူးစမ်းလေ့လာ၍ ရိုက်ကူးခြင်းဖြစ်ပေသည်။

“ယခုနှစ်ပိုင်း ကျွန်တော်တို့က နှစ်စဥ်နှစ်တိုင်း ရွှေလီမြစ်နံဘေးမှာ Blossom-headed ကြက်တူရွေးတွေ အစာရှာတာနဲ့ မြူးတူးဆော့ကစားတာအစရှိတဲ့ မြင်ကွင်းတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့် ဒီကြက်တူရွေးတွေ မျိုးပွားတဲ့ အသိုက်တွေတော့ကို ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး။ တစ်နေ့ မြစ်နံဘေးမှာ ကျွန်တော်က အရင်တုန်းကလိုပဲ လျှောက်လည်နေတုန်း Blossom-headed ကြက်တူရွေး ၂ ကောင်က သစ်ပင်တစ်ပင်ပေါ်မှာ မြူးတူးဆော့ကစားနေပြီး အဲဒီထဲက ကြက်တူရွေးတစ်ကောင်ဟာ အဲဒီသစ်ပင်ရဲ့ သစ်ခေါင်းပေါက်လေးတစ်ခုထဲကို ပျံသန်းဝင်ရောက်သွားတာကို တွေ့မြင်ခဲ့ရပါတယ်”ဟု သဘာ၀ဓာတ်ပုံဆရာ ရင်ရှန်လွင်က ပြောပြပါသည်။

Blossom-headed ကြက်တူရွေးသည် တရုတ်နိုင်ငံ အမျိုးသားဒုတိယအဆင့် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး တရုတ်ပြည်တွင်းတွင် အလွန်ရှားပါးပါသည်။ တရုတ်နိုင်ငံတွင် နှစ်ပေါင်းတစ်ရာကျော် ပျောက်ဆုံးသွားခဲ့ဖူးပါသည်။ အဆိုပါမျိုးစိတ်သည် ကွမ်တုန်းပြည်နယ်၊ ကွမ်ရှီး ကျွမ့်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပျံ့နှံ့ခဲ့ဖူးပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ယူနန်ပြည်နယ် တယ်ဟုန် တိုင်(ရှမ်း)၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင်သာ ကျက်စားနေထိုင်ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲ မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဒေါက်တာထိုက်လွင်ကို(မြန်မာနိုင်ငံသား)

တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့တွင် Blossom-headed ကြက်တူရွေးများသည် အသိုက်လုပ်ပြီး သားဝပ်နေကြ