တရုတ်-မြန်မာနယ်စပ် ဝမ်တိန် ။ ။ အရည်ညှစ်ရာသီကြံများကို လျင်မြန်စွာ အကောက်ခွန်ဖြတ် နယ်ဝင်စေခဲ့

အရင်းအမြစ်:ယူနန်နေ့စဉ်သတင်းစာ   |    2024-03-27 19:14:53

နေ့စဉ်အရုဏ်တက်ချိန်ဖြစ်သည့် ကောင်းကင်ယံအလင်းမှုန်မှုန်ကျဆင်းလာချိန်တွင် တရုတ်နိုင်ငံသား နယ်စပ်နေပြည်သူ ယန်ဝမ့်သည် ကြံများအပြည့်တင်ဆောင်ထားသည့် ကုန်ကားကိုမောင်း၍ ယူနန်ပြည်နယ် ရွှေလီမြို့ ဝမ်တိန်နယ်စပ်ဂိတ် မန်မန်းလမ်းကြောင်းမှ တရုတ်နိုင်ငံအတွင်းသို့ နယ်ဝယ်လာပါသည်။ “အခုအချိန်က တယ်ဟုန်ပြည်နယ်ခွဲမှာ ကြံသကြားထုတ်လုပ်တဲ့ အမြင့်ဆုံးအချိန်ကာလဖြစ်ပါတယ်။ ကြံကုန်ကြမ်းလိုအပ်ချက်က အလွန်မြင့်မားပါတယ်။ ၁ ရက်အတွင်း ကျွန်တော် ၃ ခေါက်ပြန်ရတယ်။ တစ်ခါတလေဆိုရင် ထမင်းတောင် စားချိန်မရဘူး”ဟု နယ်ဝင်လာခါစဖြစ်သည့် ယန်ဝမ့်မှ ပြုံးရယ်၍ ပြောပါသည်။

“အခုအကြိမ် ကြံရည်ညှစ်ရာသီ ကြံသကြားထုတ်လုပ်ရေးကို အာမခံပေးနိုင်ဖို့အတွက် ကျွန်တော်တို့က လယ်ယာထွက်ကုန် သီးသန့်လမ်းကြောင်းဖွင့်လှစ်ခြင်း၊ ကြိုတင်နေရာယူ သီးသန့်လမ်းကြောင်း စစ်ဆေးရေးနေရာထားခြင်းများ ထားရှိပေးထားပြီး လယ်ယာထွက်ကုန်များအပေါ် ဦးစားပေး လုပ်ဆောင်ပေးခြင်း၊ ဦးစားပေး စစ်ဆေးပေးခြင်း၊ ထူးခြားမှုမရှိပါက ဦးစားပေး စေလွှတ်ပေးခြင်းများဖြင့် တင်သွင်းလယ်ယာထွက်ကုန်များကို ‘အမြန်လမ်း’ပေါ်တင်၍ အားပေးကူညီပေးခဲ့ပါသည်”ဟု ဝမ်တိန်နယ်စပ်အကောက်ခွန်ဂိတ်အမှတ်(၂) စောင့်ကြည့်စီမံဌာန၏ သက်ဆိုင်ရာတာဝန်ရှိသူမှ မိတ်ဆက်ပြောကြားခဲ့ပါသည်။

“ကြံခုတ်ပြီး၊ သိမ်းပြီးတဲ့နောက် ၂၄ နာရီအတွင်းက အကောင်းဆုံးသော အရည်ညှစ်ကာလ ဖြစ်ပါတယ်။ ကျွန်တော်တို့ တင်သွင်းတဲ့ ကြံတွေကို လျှောက်လွှာတင်တာကနေ ကွင်းတွင်းစောင့်ကြည့်စီမံတာအထိ နယ်စပ်အကောက်ခွန်ဌာနဘက်က အထူးတာဝန်ရှိသူတွေထားပြီး ချိတ်ဆက်ပေးပါတယ်။ နယ်စပ်ဖြတ်ကျော် လုပ်ငန်းစဉ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အချိန်မီ ဖြေရှင်းပေးပါတယ်။ တကယ်လို့ ကားချို့ယွင်းမှု စတဲ့အကြောင်းအရင်းတွေကြောင့် ကြံတွေ ကွင်းဝင်ချိန် မသေချာဘူးဆိုရင် နယ်စပ်အကောက်ခွန်ဝန်ထမ်းတွေက လုပ်ငန်းအချိန်ကို သူတို့ဘက်ကနေ နောက်ဆုတ်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ ကြံတွေ နေ့ချင်းပြီး နယ်စပ်ဖြတ်ကျော်ကာ အကောင်းဆုံးအရည်ညှစ်ချိန်မှာ စက်ရုံကို အရောက်သွားဖို့ အာမခံပေးနိုင်ပါတယ်”ဟု ရွှေလီမြို့ ယင်းရုန်သကြားစက်ရုံမှ တာဝန်ရှိသူ ရန်ကျစ်လုံက ပြောပါသည်။

ဝမ်တိန်နယ်စပ်အကောက်ခွန်ဌာန၏ စာရင်းများအရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီအထိ အရည်ညှစ်ကာလတွင် ဝမ်တိန်နယ်စပ်အကောက်ခွန်ဌာန၌ စောင့်ကြည့်စီမံတင်သွင်းခဲ့သည့် ကြံများ၏ စုစုပေါင်းတန်ဖိုးမှာ တရုတ်ယွမ် ၂၃.၁၅၉၇ သန်းရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂ ဆနှင့်အထက် တိုးများလာခဲ့ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဉ်သတင်းစာ
ဘာသာပြန် ။ ။ ဒေါက်တာထိုက်လွင်ကို
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)

တရုတ်-မြန်မာနယ်စပ် ဝမ်တိန် ။ ။ အရည်ညှစ်ရာသီကြံများကို လျင်မြန်စွာ အကောက်ခွန်ဖြတ် နယ်ဝင်စေခဲ့