ရှီကျင့်ဖိန်သည် တစ်ပြည်လုံးမှ ချီးမြှင့်ခံ ပင်စင်ယူ ကေဒါများ ရှေ့ပြေး အဖွဲ့အစည်းနှင့် ရှေ့ပြေးပုဂ္ဂိုလ်များ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

အရင်းအမြစ်:CRI   |    2024-12-31 15:19:54

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တစ်ပြည်လုံးမှ ချီးမြှင့်ခံ ပင်စင်ယူ ကေဒါများ ရှေ့ပြေး အဖွဲ့အစည်းနှင့် ရှေ့ပြေးပုဂ္ဂိုလ်များ ကိုယ်စားလှယ်များနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံပြီး ၎င်းတို့အား လှိုက်လှဲစွာ ထောမနာ ပြုခဲ့ပါသည်။

ရှီကျင့်ဖိန်က ၎င်းတို့အား ဂုဏ်ယူဘွယ်ရာ အစဉ်အလာကောင်းများ ထွန်းကားလာအောင် ဆောင်ရွက်ရန်၊ တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေးတို့ကို ဆက်လက် ဘက်စုံ တွန်းအားပေးရန်အတွက် တက်ကြွစွာ အကျိုးပြု စွမ်းဆောင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် ပင်စင်ယူ ကေဒါများ ရှေ့ပြေး အဖွဲ့အစည်း ၁၅၀ နှင့် ရှေ့ပြေး ပုဂ္ဂိုလ် ၄၅၀ တို့အား ချီးမြှင့်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် တစ်ပြည်လုံးမှ ချီးမြှင့်ခံ ပင်စင်ယူ ကေဒါများ ရှေ့ပြေး အဖွဲ့အစည်းနှင့် ရှေ့ပြေးပုဂ္ဂိုလ်များ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ