တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ဒီမိုကရေစီဘဝ အစည်း အဝေးကို ခေါ်ယူကျင်းပပြီး၊ ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်းပြောကြား

အရင်းအမြစ်:CRI   |    2024-12-28 17:45:00

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ဒီဇင်ဘာလ ၂၆ ရက်နေ့ မှ ၂၇ ရက်နေ့အထိ ဒီမိုကရေစီဘဝအစည်းအဝေးကို ခေါ်ယူကျင်းပပြီး ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက်ဝိသေသပါရှိသည့် ဆိုရှယ်လစ်အတွေးအခေါ်ကို နက်ရှိုင်း စွာ သင်ယူလေ့လာပြီး ဆောင်ရွက်ကျင့်သုံးကာ၊ အတွေးအခေါ်နှင့် လက်တွေ့အလုပ်များကို ပေါင်းရုံး၍ မိမိကိုယ်ကို ဆန်းစစ်ခြင်း၊ ဝေဖန်ခြင်းနှင့် မိမိကိုယ်ကို ဝေဖန်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် အစည်းအဝေးကို ဦးစီးကျင်းပပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန် က ယခုအကြိမ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့၏ ဒီမိုကရေစီဘဝ အစည်းအဝေးသည် အလွန်ထိရောက်ပြီး အကြံဉာဏ်များကို ဖလှယ်ခြင်း၊ ပြဿနာများကို စစ်ဆေးခြင်းနှင့် ဦးတည်ချက်များကို ရှင်းလင်းပြတ်သားခြင်းဟူသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ဒီမိုကရေစီဘဝ အစည်း အဝေးကို ခေါ်ယူကျင်းပပြီး၊ ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်းပြောကြား