ရှီကျင့်ဖိန်သည် တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန်ရထားလမ်းစီမံကိန်း စတင်ခြင်းအခမ်းအနားသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့

အရင်းအမြစ်:CRI   |    2024-12-28 17:44:00

ဒီဇင်ဘာလ ၂၇ ရက်နေ့က တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းစီမံကိန်း စတင်ခြင်း အခမ်းအနားကို ကာဂျစ္စတန်နိုင်ငံ ဂျလာလာဘတ်မြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အခမ်းအနားသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကာဂျစ္စတန်နိုင်ငံသမ္မတ ဇာပါရော့ဗ်သည် အခမ်းအနားသို့ တက်ရောက်ကာ ဥဇဘက်ကစ္စတန်သမ္မတ မီယာဇီယိုယက်သည် အခမ်းအနားသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

ထိုသို့ဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း ဖောက်လုပ်မှုသည် ဒေသတွင်း အပြန်အလှန်ဆက်သွယ်မှုနှင့် ဒေသတွင်း သာယာဝပြောရေးနှင့် တည်ငြိမ်ရေးတို့ကို မြှင့်တင်ရန် ၃နိုင်ငံအစိုးရမှ ချမှတ်ထားသော မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ဤမဟာဗျူဟာလမ်းကြောင်းကို ဖွင့်လှစ်ရန် သုံးနိုင်ငံမှ ပြည်သူများ၏ ကောင်းမွန်သောဆန္ဒကို ပြဆိုထားကြောင်း ဖော်ပြထားပါသည်။

ရှီကျင့်ဖိန်သည် တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန်ရထားလမ်းစီမံကိန်း စတင်ခြင်းအခမ်းအနားသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့