ဗဟိုစစ်ရေးကော်မရှင်မှ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူး တိုးမြှင့်ခြင်း အခမ်းအနားကို ကျင်းပ၊ ရှီကျင့်ဖိန်သည် အမိန့်ထုတ်ပေးပြီး ထောမနာပြု

အရင်းအမြစ်:CRI   |    2024-12-24 16:48:00

တရုတ် ဗဟိုစစ်ရေးကော်မရှင်မှ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူး တိုးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ဘေကျင်း Bayi အဆောက်အအုံတွင် ကျင်းပခဲ့သည်။ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

နံနက် ၁၀ နာရီခန့်တွင် ရှီကျင့်ဖိန်သည် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူး တိုးမြှင့်ခံရသော ကြည်းတပ် နိုင်ငံရေး ကော်မရှင်နာ Chen Hui အား အမိန့်ထုတ်ပေးကာ ထောမနာပြုခဲ့ပါသည်။ Chen Hui သည် ရှီကျင့်ဖိန်အား အလေးပြုပြီး အခမ်းအနားသို့ တက်ရောက်လာသော ရဲဘော်အားလုံးကို အလေးပြုခဲ့ပါသည်။

ဗဟိုစစ်ရေးကော်မရှင်မှ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူး တိုးမြှင့်ခြင်း အခမ်းအနားကို ကျင်းပ၊ ရှီကျင့်ဖိန်သည် အမိန့်ထုတ်ပေးပြီး ထောမနာပြု