ရှီကျင့်ဖိန်သည် မကာအိုအထူးအုပ်ချုပ်ရေးဒေသ စီမံအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ဌာနများမှ တာဝန်ရှိသူအသစ်များနှင့် တွေ့ဆုံ

အရင်းအမြစ်:CRI   |    2024-12-20 18:18:09

ဒီဇင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မကာအို အထူးအုပ်ချုပ်ရေးဒေသ စီမံအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ဌာနများမှ တာဝန်ရှိသူအသစ်များနှင့် မကာအိုဒေသတွင် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ စီမံအုပ်ချုပ်မှုအဖွဲ့သစ်သည် စိတ်အားထက်သန်မှု အပြည့်ရှိကြောင်း၊ အားလုံးက မိမိ၏ ကတိသစ္စာကို မှတ်မိကြပြီး မိမိ၏ တာဝန်ဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ကြကာ တိုင်းပြည်နှင့် မကာအိုဒေသအတွက် ကောင်းကျိုးရလဒ်များကို ဖော်ဆောင်ပေးနိုင်ရန် ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် မကာအိုအထူးအုပ်ချုပ်ရေးဒေသ စီမံအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ဌာနများမှ တာဝန်ရှိသူအသစ်များနှင့် တွေ့ဆုံ