မကာအို “တိုင်ပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် စဉ်ဆက်မပြတ် ဖန်းတီးရန် ရှီကျင့်ဖိန်က မျှော်လင့်ချက် ၄ရပ်ကို ဖော်ပြ

အရင်းအမြစ်:CRI   |    2024-12-20 18:17:18

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်ညီလာခံနှင့် ဆဋ္ဌမအကြိမ်မြောက် မကာအိုအထူးအုပ်ချုပ်ရေး ဒေသအစိုးရအဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ ကြီးကြပ်မှုဖြင့် Sam Hou Fai က မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါသည်။

ရှီကျင့်ဖိန်က မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရသစ်သည် လုပ်ငန်းပေါင်းစုံကို စည်းလုံး ညီညွတ်စွာ ဦးဆောင်ပြီး အခွင့်အလမ်းများကို ဆုပ်ကိုင်ကာ ပြုပြင်ပြောင်းလဲရေးကို ပြတ်ပြတ်သားသားဆောင်ရွက်၍ တာဝန်များကို ကျယ်ပွန်စွာ ထမ်းဆောင်ရကြောင်း၊ “တိုင်ပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” ၏ အားသာချက်ကို ပိုမိုကောင်းမွန်စွာ အသုံးပြုပြီး “တိုင်ပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် စဉ်ဆက်မပြတ် ဖန်းတီးရကြောင်း၊ ယင်းအတွက် မိမိသည် မျှော်လင့်ချက် လေးရပ်ကို ဖော်ပြရကြောင်း၊ ပထမအချက်က စီးပွားရေး အတန်အသင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ ဒုတိယအချက်က မကာအို အထူးအုပ်ချုပ်ရေးဒေသ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း ဖြစ် ကြောင်း၊ တတိယအချက်က အဆင့်ပိုမိုမြင့်မားသော နိုင်ငံခြားသို့ တံခါးဖွင့်ရေး ပလက်ဖောင်းကို တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ စတုတ္ထအချက်က လူ့အဖွဲ့အစည်း အေးချမ်းသင့်မြတ်ရေးကို ကာကွယ်ထိန်းသိမ်းခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မကာအို “တိုင်ပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” လုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် စဉ်ဆက်မပြတ် ဖန်းတီးရန် ရှီကျင့်ဖိန်က မျှော်လင့်ချက် ၄ရပ်ကို ဖော်ပြ