ရှီကျင့်ဖိန်သည် မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်ညီလာခံနှင့် ဆဋ္ဌမအကြိမ်မြောက် မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ အဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုပွဲ၌ အရေးကြီးသော မိန့်ခွန်း ပြောကြား

အရင်းအမြစ်:CRI   |    2024-12-20 18:16:34

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်ညီလာခံနှင့် ဆဋ္ဌမအကြိမ်မြောက် မကာအိုအထူးအုပ်ချုပ်ရေး ဒေသအစိုးရအဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အခမ်းအနားသို့ တက်ရောက်ပြီး အရေးကြီးသော မိန့်ခွန်း ပြောကြားခဲ့ သည်။

ရှီကျင့်ဖိန်က မကာအိုသည် တောင်ပင်လယ်ကမ်းရိုးတမ်းရှိ တောက်ပသော ပလဲတစ်လုံး ကဲ့သို့ အမိနိုင်ငံ၏ အဖိုးတန်နေရာတစ်ခု ဖြစ်ကြောင်း၊ မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်လာသည့် ၂၅ နှစ်အတွင်း ဗဟိုအစိုးရနှင့် ပြည်မကြီး၏ အင်အား တောင့်တင်းစွာ ထောက်ခံမှုဖြင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရသည် အလွှာပေါင်းစုံ ကို စည်းလုံးညီညွတ်ပြီး ကြိုးပမ်းအားထုတ်သဖြင့် မကာအို ထူးခြားချက် ပါရှိသော “တိုင်ပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” လက်တွေ့ကျသော ဆောင်ရွက်မှုများတွင် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ မကာအို၌ အပြောင်းလဲကြီး ပြောင်းလဲလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင်လည်း သြဇာညောင်းမှု များစွာ မြင့်တက်လာခဲ့ကြောင်း၊ “တိုင်ပြည် တစ်ပြည်၊ စနစ်နှစ်မျိုး”ထဲတွင် ပါရှိသော ငြိမ်းချမ်းရေး၊ သည်းခံမှု၊ တံခါးဖွင့်ရေးနှင့် အတူမျှဝေမှု စသည့် သဘောတရားများကို တရုတ်နိုင်ငံအပြင် ကမ္ဘာတစ်ဝှမ်းလည်း လက်ခံကြပြီး အတူတကွကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်သည် မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်ညီလာခံနှင့် ဆဋ္ဌမအကြိမ်မြောက် မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ အဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုပွဲ၌ အရေးကြီးသော မိန့်ခွန်း ပြောကြား