ရှီကျင့်ဖိန်သည် မကာအို အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ ကြိုဆိုညစာစားပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

အရင်းအမြစ်:CRI   |    2024-12-20 18:15:00

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မကာအို အထူး အုပ်ချုပ်ရေးဒေသအစိုးရ၏ ကြိုဆိုညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့ သည်။ ရှီကျင့်ဖိန်က လွန်ခဲ့သည့်ငါးနှစ်သည် မကာအိုသမိုင်းတွင် ထူးခြားသောငါးနှစ်ဖြစ်ပြီး ကမ္ဘာ့ရာစုနှစ်ပြောင်းလှဲမှုများ အရှိန်မြင့်တင်လာနေခြင်း၊ ရာစုနှစ် ကပ်ရောဂါ၏ ပြင်းထန် သော စမ်းသပ်မှုများနှင့် ရင်ဆိုင်ရာတွင် ပဉ္စမမြောက် မကာအို အထူးအုပ်ချုပ်ရေးဒေသ အစိုးရသည် မကာအိုလုပ်ငန်းပေါင်းစုံကို ဦးဆောင်ပြီး အခက်အခဲများနှင့် ရင်ဆိုင်ကာ လက်တွေ့ကျကျဆောင်ရွက်၍ စီးပွားရေး စဉ်ဆက်မပြတ် ပြန်လည်ဦးမော့လာမှုနှင့် လုပ်ငန်းအားလုံးတွင် အလုံးစုံတိုးတက်မှုကို မြှင့်တင်ကာ မကာအိုထူးခြားချက်ရှိသော "တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး" အောင်မြင်စွာ အကောင်အထည်ဖော်မှုတွင် အခန်းကဏ္ဍသစ်ကို ရေးသားခဲ့သည်ဟု ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်သည် မကာအို အထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ ကြိုဆိုညစာစားပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား