ရှီကျင့်ဖိန်သည် မကာအို သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်သို့ သွားရောက်လေ့လာကြည့်ရှု
အရင်းအမြစ်:CRI |
2024-12-19 18:13:00
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မကာအို သိပ္ပံနှင့်နည်းပညာတက္ကသိုလ်သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး တရုတ်တိုင်းရင်းဆေး အရည်အသွေးသုတေသနဆိုင်ရာ နိုင်ငံတော်အဓိကဓာတ်ခွဲခန်း၊ လကမ္ဘာနှင့် ဂြိုဟ် သိပ္ပံပညာဆိုင်ရာ နိုင်ငံတော်အဓိကဓာတ်ခွဲခန်းတို့၏ ရှင်းလင်းတင်ပြချက်များကို နားထောင် ကာ ကျောင်းဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ သိပ္ပံပညာသုတေသီများနှင့် ရင်းရင်းနှီးနှီး ဖလှယ်ခဲ့သည်။