ရှီကျင့်ဖိန် သည် Ho Iat Seng နှင့် တွေ့ဆုံ

အရင်းအမြစ်:CRI   |    2024-12-19 18:10:00

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် မကာအိုအထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Ho Iat Seng နှင့် မကာအိုဒေသတွင် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန် က Ho Iat Seng ဦးဆောင်သော ယခုအကြိမ် မကာအို အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် မကာအိုလုပ်ငန်းပေါင်းစုံကို စည်းလုံးညီညွှတ်ပြီး “တိုင်းပြည်တစ်ပြည်၊ စနစ်နှစ်မျိုး” မူဝါဒကို ဘက်စုံမှန်ကန်စွာ ဦးလည်မသုန် ကျင့်သုံးခဲ့ ကြောင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို ပြတ်ပြတ်သားသားကာကွယ်ထိန်းသိမ်းပြီး ကိုဗစ်-၁၉ရောဂါ၏ ပြင်းထန်သော ထိခိုက်မှုနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားခဲ့ကြောင်း၊ စီးပွားရေး အသင့်အတင့်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းတွန်းအားပေးပြီး လုပ်ငန်းအသီးသီးတွင် တိုးတက်မှုအသစ်များ ရရှိကာ စည်ပင်သာယာပြီး တည်ငြိမ်သော အခြေအနေကို ခိုင်မြဲတိုးတက်လာစေခဲ့ ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအနေဖြင့် Ho Iat Seng နှင့် ယခုအကြိမ် မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရတို့၏လုပ်ငန်းဆောင်တာကို အပြည့်အဝတန်ဖိုးထား ချီးကျူးကြောင်း ပြောကြားခဲ့ပါသည်။

Ho Iat Seng က သမ္မတ ရှီကျင့်ဖိန် နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ယုံကြည်မှုနှင့် ထောက်ခံမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ အားပေးထောက်ခံမှုကြောင့် လွန်ခဲ့သည့် ၅ နှစ်အတွင်းတွင် မကာအို အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် မကာအိုလုပ်ငန်းပေါင်းစုံကို စည်းလုံးညီညွှတ်ပြီး ၃ နှစ် ကြာ ကိုဗစ်-၁၉ရောဂါ၏ ထိခိုက်မှုကို ရင်ဆိုင်ကျော်လွှားကာ မကာအိုအထူးအုပ်ချုပ်ရေး ဒေသ၏ တည်ဆောက်ရေးလုပ်ငန်းအသီးသီးတွင် အခန်းကဏ္ဍသစ်သို့ ဘက်စုံဝင်ရောက် ခဲ့ကြောင်း၊ မိမိအနေဖြင့် အသစ်တစ်ကြိမ် မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရမှ ဥပဒေနှင့်အညီ စီမံအုပ်ချုပ်ရန် ထောက်ခံမည် ဖြစ်ပြီး မကာအိုဒေသနှင့် အမိနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်မှုများအတွက် မိမိ၏ အင်အားကို ဆက်လက် အကျိုးပြု စွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန် သည် Ho Iat Seng နှင့် တွေ့ဆုံ