သမ္မတရှီက United Russia ပါတီ ဥက္ကဋ္ဌ မက်ဗီဒက်ဗ်အား လက်ခံတွေ့ဆုံ
တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ မူလအရှိန်အဟုန်ကို အကျိုးရှိရှိအသုံးချရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူးများကို စဥ်ဆက်မပြတ် ဆောင်ကြဥ်းပေးနိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။
လွန်ခဲ့သော ၇၅ နှစ်က သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အပြန်အလှန် လေးစားမှု၊ သဟဇာတဖြစ်စွာ အတူယှဥ်တွဲနေထိုင်မှု၊ အင်အားကြီးနှင့် အိမ်နီးချင်းနိုင်ငံအချင်းချင်း အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် လမ်းသစ်တစ်ခုကို ရှေ့ဆောင်လမ်းပြခဲ့ကာ နိုင်ငံတကာဆက်ဆံရေးနှင့် အင်အားကြီး အိမ်နီးချင်းနိုင်ငံအချင်းချင်း ဆက်ဆံရေးတို့၏ စံနမူနာပုံစံသစ်ကို ချမှတ်ခဲ့သည်ဟု ရှီက ပြောကြားခဲ့သည်။ (Xinhua)