တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု၏ အကြီးမားဆုံး အင်ဂျင်အဖြစ် ဆက်လက်တည်ရှိနေမည်ဟု သမ္မတရှီ ပြောကြား
အရင်းအမြစ်:ဆင်ဟွာသတင်းဌာန |
2024-12-11 17:51:00
တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးမှု လျာထားချက် ပြည့်မီလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း၊ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အကြီးမားဆုံး အင်ဂျင်အဖြစ်လည်း ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်းမြို့၌ အထင်ကရ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် တွေ့ဆုံစဥ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)