အခွန်အကောက်၊ ကုန်သွယ်ရေးနှင့် သိပ္ပံနှင့်နည်းပညာ စစ်ပွဲတို့တွင် အနိုင်ရသူ မရှိနိုင်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား

အရင်းအမြစ်:ဆင်ဟွာသတင်းဌာန   |    2024-12-10 17:45:00

နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ကောင်းမွန်၍ ရေရှည်ခိုင်မြဲသော လမ်းကြောင်းပေါ်သို့ ရောက်ရှိရေးအတွက် အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။

“အခွန်အကောက်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲ၊ သိပ္ပံနဲ့နည်းပညာ စစ်ပွဲတွေဟာ သမိုင်းကြောင်းရဲ့ လားရာ၊ စီးပွားရေးဆိုင်ရာ ဥပဒေတွေနဲ့ ဆန့်ကျင်သွေဖည်နေပြီး အနိုင်ရတဲ့သူလည်း ရှိမှာမဟုတ်ပါဘူး” ဟု ပေကျင်းမြို့၌ ကျင်းပသည့် အထင်ကရ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် တွေ့ဆုံစဥ်အတွင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

အခွန်အကောက်၊ ကုန်သွယ်ရေးနှင့် သိပ္ပံနှင့်နည်းပညာ စစ်ပွဲတို့တွင် အနိုင်ရသူ မရှိနိုင်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား