ရှီကျင့်ဖိန်သည် MengXiang(Dream) ocean drillship ဆောက်လုပ်ပြီးစီးပြီး စတင် ခုတ်မောင်းခြင်းအပေါ် ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

အရင်းအမြစ်:CRI   |    2024-11-18 15:55:00

တရုတ်နိုင်ငံမှ ကိုယ်တိုင်ဒီဇိုင်းဆောက်လုပ်ထားသော ပထမဆုံးMengXiang (Dream) ocean drillship သည် ယခုလ ၁၇ ရက်နေ့က ကွမ်ကျိုးမြို့တွင် တရားဝင်ခုတ်မောင်းခဲ့ပါ သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် သဝဏ်လွှာပေးပို့ပြီး ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က MengXiang ocean drillship ပင်လယ်၌ စမ်းသပ်အောင်မြင်ပြီး၊ တရားဝင်ခုတ်မောင်းခြင်းသည် တရုတ်နိုင်ငံအနေနှင့် ပင်လယ်နက်သို့ ဝင်ရောက်ခြင်း၊ ပင်လယ်နက်ကို စူးစမ်းခြင်းနှင့် ပင်လယ်နက်ကို တူးဖော်ခြင်းများတွင် အရေးကြီးသော ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ခြင်းကို ပြသရုံသာမက၊ ပင်လယ်နိုင်ငံကြီးနှင့် သိပ္ပံနည်းပညာ နိုင်ငံကြီး တည်ဆောက်ရေးတွင် အရေးကြီးသော အောင်ကျိုးရလဒ်တစ်ရပ်လည်းဖြစ် ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။

ရှီကျင့်ဖိန်သည် MengXiang(Dream) ocean drillship ဆောက်လုပ်ပြီးစီးပြီး စတင် ခုတ်မောင်းခြင်းအပေါ် ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့