Qiushi မဂ္ဂဇင်းတွင် ရှီကျင့်ဖိန်၏ "အနုပညာလုပ်ငန်း ဆွေးနွေးပွဲ ၌ ပြောကြား ချက်" ကို ထုတ်ပြန်မည်
အရင်းအမြစ်:CRI |
2024-10-16 13:48:08
အနုပညာလုပ်ငန်း ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း ၁၀ နှစ်ပြည့် အခါသမယတွင် အောက်တိုဘာလ ၁၆ ရက်နေ့ထုတ် Qiushi မဂ္ဂဇင်း၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က "အနုပညာလုပ်ငန်း ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားချက်" ကို ထုတ်ပြန်မည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။