ရှီကျင့်ဖိန် သည် နိုင်ငံခြားဧည့်သည်တော်များနှင့် တွေ့ဆုံ
အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်နိုင်ငံတကာချစ်ကြည်ရေးညီလာခံနှင့် တရုတ်ပြည်သူ့ နိုင်ငံခြားနှင့် ချစ်ကြည်ရေးအသင်း(Chinese People's Association for Friendship with Foreign Countries) ဖွဲ့စည်းတည်ထောင်သည့် အနှစ် ၇၀ ပြည့်မြောက် ခြင်း အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်နေကြသော နိုင်ငံခြားဧည့်သည်တော်များ အား စုပေါင်းတွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအသီးသီးမှ မိတ်ဆွေများနှင့် ချစ်ခင်ရင်းနှီးမှု နှင့် ကူးလူးဖလှယ်မှုများကို မြှင့်တင်ရန်၊ အရပ်ဘက်သံတမန်ရေး၏ တမူထူးခြားသော အခန်းကဏ္ဍကို ထွန်းကားစေရန်၊ လူသားကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရန် ဆန္ဒရှိကြောင်း အလေးထားပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားခေါင်းဆောင်ဟောင်းများ၊ တော်ဝင်မိသားစုဝင်များ၊ နိုင်ငံတကာချစ်ကြည်ရေး အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နိုင်ငံခြားချစ်ကြည်ရေး ပုဂ္ဂိုလ်များ ၂၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။