တရုတ်သမ္မတ ရှီကျင့်ဖိန်သည် တူနီးရှား သမ္မတအဖြစ် ပြန်လည်အရွေးခံရသည့် Kais Saied အား ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့
အောက်တိုဘာလ ၉ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် Kais Saied အား ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ရာ Kais Saied မှ တူနီးရှားသမ္မတနိုင်ငံ သမ္မတအဖြစ် ပြန်လည် အရွေးခံရခြင်းအပေါ် ဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်နှင့် တူနီးရှား အကြားရှိ ချစ်ကြည်ရေးအစဉ်အလာသည် လေးလေးနက်နက် ရှိကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း နှစ်ဖက်တို့၏ ပူးတွဲဦးဆောင်မှုကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်ကျိုးရလဒ် များစွာ ရရှိကာ ချစ်ကြည်ရေးအစဉ်အလာသည် အဆက်မပြတ် နက်ရှိုင်းလာခဲ့ကြောင်း၊ မိမိသည် တရုတ်-တူနီးရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အလွန်အလေးထားပြီး အဆွေတော်နှင့်အတူ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထားရှိခဲ့သည့် အနှစ် ၆၀ ပြည့်မြောက်နှစ်ကို အခွင့်ကောင်းအဖြစ် ခံယူပြီး တရုတ်နှင့် တူနီးရှား အကြားရှိ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် အမွေဆက်ခံရန်၊ နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းစေရန်နှင့် တရုတ်-တူနီးရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ခြေလှမ်းမှန်မှန်ဖြင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။