ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ ၇၆ နှစ်မြောက် အမျိုးသားနေ့တွင် ကင်ဂျုံအန်းအား ဂုဏ်ပြု သဝဏ်လွှာပေးပို့

အရင်းအမြစ်:CRI   |    2024-09-09 17:18:00

စက်တင်ဘာလ ၉ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်း ရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ ၇၆ နှစ်မြောက် အမျိုးသားနေ့၌ မြောက် ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ဂျုံအန်း ထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၇၆ နှစ်တာ ကာလအတွင်း မြောက်ကိုရီးယားအလုပ်သမားပါတီ၏ ဦးဆောင်မှုအောက်တွင် မြောက်ကိုရီးယားပြည်သူများ စည်းလုံးညီညွတ်ပြီး နိုင်ငံတော်၏ လုပ်ငန်းအရပ်ရပ်ကို ဖွံ့ဖြိုးတိုးတက်အောင်တွန်းအားပေးခဲ့ကြောင်း၊ ယခုနှစ်သည် တရုတ်-မြောက် ကိုရီးယား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး "တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေးနှစ်" လည်းဖြစ်ကြောင်း၊ ခေတ်သစ်နှင့် အခြေအနေသစ်တွင် တရုတ်နိုင်ငံသည် မဟာဗျူဟာမြောက်နှင့် ရေရှည်ရှုထောင့်မှ တရုတ်-မြောက်ကိုရီးယားဆက်ဆံရေးကို ဆက်လက်ရှုမြင်မည်ဖြစ်ပြီး မြောက်ကိုရီးယားဘက်နှင့်အတူ မဟာဗျူဟာမြောက် ဆက်သွယ်မှုကို နက်ရှိုင်းစေကာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေ၍ တရုတ်နှင့် မြောက်ကိုရီးယားကြား အစဉ်အလာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထိန်းသိမ်းကာကွယ်ပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် မြောက်ကိုရီးယားနိုင်ငံ ၇၆ နှစ်မြောက် အမျိုးသားနေ့တွင် ကင်ဂျုံအန်းအား ဂုဏ်ပြု သဝဏ်လွှာပေးပို့