ရှီကျင့်ဖိန်၏ "ပညာရေးအကြောင်း သုံးသပ်ဖော်ပြခြင်း" စာအုပ်ကို ထုတ်ဝေ ဖြန့်ချိ
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် မော်ကွန်းဝင်စာတမ်းများ သုတေသနဌာနမှ တည်းဖြတ် ပြုစုထားသော "ပညာရေးအကြောင်း သုံးသပ်ဖော်ပြခြင်း" စာအုပ်ကို မကြာမီက တရုတ်ပြည် တစ်ပြည်လုံး၌ ထုတ်ဝေဖြန့်ချိခဲ့သည်။ ယင်းစာအုပ်တွင် ရှီကျင့်ဖိန်၏ ပညာရေးအကြောင်းဆိုင်ရာ အရေးကြီးသည့် ဆောင်းပါး ၄၇ ပုဒ် ပါဝင်ထားပါသည်။
မျက်မှောက်အချိန်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အတိုင်းအတာ အကြီးမား ဆုံးသော ပညာရေး စည်းစနစ်ကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ပြီး ပညာရေး ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု အထွေထွေ အရည်အချင်းသည် ကမ္ဘာ့ အလယ်နှင့်အထက် နိုင်ငံများ အမည်စာရင်းတွင် ဝင်ရောက်ပြီ ဖြစ်သည်။ ရှီကျင့်ဖိန်၏ ပညာရေးအကြောင်း သုံးသပ်ဖော်ပြချက်များသည် "ဘယ်လိုမျိုး လူတွေကို မွေးထုတ်သလဲ၊ ဘယ်လို မွေးထုတ်သလဲ၊ ဘယ်သူအတွက် မွေးထုတ်သလဲ" ဟူသော အရင်းခံ မေးခွန်းများကို သိပ္ပံနည်းကျစွာ ဖြေဆိုပေးခဲ့ပြီး ခေတ်သစ် ခရီးစဉ်သစ်တွင် ပြည်သူများ အားထားကြသော ပညာရေးလုပ်ငန်းကို ကောင်းမွန်စွာ ဆောင်ရွက်ရေးနှင့် တရုတ်အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေးကို ဘက်စုံ တွန်းအားပေးရေးအတွက် အရေးကြီးသည့် လမ်းပြပေးရေး အဓိပ္ပာယ်များ ရှိပါသည်။