တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံနှင့်အတူ အေးအတူပူအမျှ တရုတ်-ဘရာဇီး အသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေး ‌ဆောင်ရွက်ရန်အသင့်ရှိ

အရင်းအမြစ်:ဆင်ဟွာသတင်းဌာန   |    2024-08-17 13:02:16

တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံနှင့်အတူ အေးအတူပူအမျှ တရုတ်-ဘရာဇီး အသိုက်အဝန်း တည်ဆောက်မှု ပူးတွဲမြှင့်တင်ရေး စတင်မှတ်အသစ်အဖြစ် သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၁၅ ရက်၌ ပြောကြားခဲ့သည်။

ရှီသည် ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva ထံ ပေးပို့သော နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။

အဓိကဖွံ့ဖြိုးဆဲနှစ်နိုင်ငံနှင့် အဓိက ထွန်းသစ်စဈေးကွက်နိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် အတူတကွလက်တွဲကာ အတူတကွရှေ့ဆက်ချီတက်လျက်ရှိသော စိတ်တူသဘောတူ မိတ်ဆွေကောင်းများနှင့် မိတ်ဖက်ကောင်းများဖြစ်ကြကြောင်း ရှီက ပြောခဲ့သည်။

လွန်ခဲ့သော ရာစုနှစ်ဝက်ကျော်က သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ နိုင်ငံတကာအခင်းအကျင်း အပြောင်းအလဲများကို အမှုမထားဘဲ နှစ်နိုင်ငံ ဆက်ဆံရေးကို အရေးပါသော ဘက်စုံ မဟာဗျူဟာမြောက် ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှု မြှင့်တင်ခြင်းနှင့်အတူ တည်ငြိမ်သော တိုးတက်မှုကို ထိန်းထားလျက်ရှိကြောင်း ရှီက ဆိုသည်။ (Xinhua)

တရုတ်နိုင်ငံက ဘရာဇီးနိုင်ငံနှင့်အတူ အေးအတူပူအမျှ တရုတ်-ဘရာဇီး အသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေး ‌ဆောင်ရွက်ရန်အသင့်ရှိ