ရှီကျင့်ဖိန်သည် Xiamen Airlinesမှ ဝန်ထမ်းအားလုံးထံသို့ ပြန်စာပေးပို့

အရင်းအမြစ်:CRI   |    2024-07-26 11:18:36

Xiamen Airlines ကို ဖွဲ့စည်းတည်ထောင်သည့် အနှစ် ၄၀ ပြည့်မြောက်သည့်နှစ် ကျရောက်လာသောအခါသမယတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် Xiamen Airlines မှ ဝန်ထမ်းအားလုံးထံသို့ ပြန်စာပေးပို့ပါသည်။

ရှီကျင့်ဖိန်က မိမိအနေဖြင့် ရှမင်းမြို့တွင် အလုပ်လုပ်စဉ်က Xiamen Airlines ၏ စတင်တည်ထောင်ခြင်းတွင် ပါဝင်ခဲ့ပြီး အနှစ် ၄၀ အတွင်းတွင် Xiamen Airlines ၏ ကြီးပြင်းလာမှုကို ဂရုစိုက်လျက်ရှိကြောင်း၊ Xiamen Airlines သည် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး လုပ်ငန်းစတင်ပြီး ယခု ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်နိုင်သဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ပြန်စာတွင် ဖော်ပြထားပါသည်။

ရှီကျင့်ဖိန်က ခေတ်သစ်ခရီးအသစ်တွင် ခင်ဗျားတို့အား ကောင်းမွန်သော ဓလေ့ထုံးတမ်းများကို ထွန်းကားစေပြီး ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုများကို စွဲကိုင်ထားကာ အမြုတေ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်၍ ခိုင်မာသော လုံခြုံရေးအခြေခံမျဉ်းကို တည်ဆောက်ရန်၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေးရေးနှင့် ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ကမ်း ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဘက်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန်၊ မြို့ပြလေကြောင်း လုပ်ငန်းအရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ဖို့၊ လမ်းပန်းဆက်သွယ်ရေးအင်အား တောင့်တင်းသောနိုင်ငံ တည်ဆောက်ဖို့ ပိုမိုများပြားသော အကျိုးပြုစွမ်းဆောင်မှုများ လုပ်ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြန်စာတွင် အလေးထားဖော်ပြထားပါသည်။

ရှီကျင့်ဖိန်သည် Xiamen Airlinesမှ ဝန်ထမ်းအားလုံးထံသို့ ပြန်စာပေးပို့