"ချိုရှိ" မဂ္ဂဇင်းတွင် ရှီကျင့်ဖိန်၏ "ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းနှင့် ကိုယ့်ကိုယ်ကို အားကိုးခြင်းကို စွဲကိုင်ရမည်" ဆောင်းပါးကို ဖော်ပြ
အရင်းအမြစ်:CRI |
2024-07-16 12:07:00
ဇူလိုင်လ ၁၆ ရက်နေ့ထုတ် "ချိုရှိ" မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ "ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းနှင့် ကိုယ့်ကိုယ်ကို အားကိုးခြင်းကို စွဲကိုင်ရမည်" ဆောင်းပါးကို ဖော်ပြမည် ဖြစ်သည်။
မာ့က်စ်ဝါဒနှင့် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်ဝါဒအပေါ် ခိုင်ခံ့သော ယုံကြည်စိတ်ကို စွဲကိုင်ရမည်ဖြစ်ပြီး လမ်းကြောင်းဆိုင်ရာ၊ သဘောတရားဆိုင်ရာ၊ စနစ်ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်စိတ်များ ခိုင်ခံ့စေရမည်ဖြစ်ကာ ပိုမို တက်ကြွသော သမိုင်းဝင် တာဝန်ထမ်းဆောင်ရေးနှင့် ဖန်တီးရေးစိတ်ဓာတ်များဖြင့် မာ့က်စ်ဝါဒ ထွန်းကားရေးအတွက် အကျိုးပြုစွမ်းဆောင်မှုသစ်များ ပြုလုပ်ရမည် ဖြစ်ကြောင်း ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။