ရှီကျင့်ဖိန်သည် အီရန်နိုင်ငံ အရွေးခံသမ္မတ Masoud Pezeshkian အား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

အရင်းအမြစ်:CRI   |    2024-07-09 15:11:10

ရှီကျင့်ဖိန်သည် အီရန်နိုင်ငံ အရွေးခံသမ္မတ Masoud Pezeshkian အား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။ ထိုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-အီရန်ချစ်ကြည်ရေးနှင့် ပေါင်းသင်း ဆက်ဆံ ရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး၊ သံတမန် ဆက်ဆံမှုထားရှိခဲ့သည့် နှစ် ၅၀ ကျော်အတွင်း နှစ်ဖက်ဆက်ဆံမှုသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ မိမိအနေနှင့် တရုတ်-အီရန်ဆက်ဆံမှုဖွံ့ဖြိုးရေးအပေါ် အလွန်အရေးထားပြီး တရုတ်-အီရန် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု တစ်ဆင့်တက် တိုးမြှင့်ဖို့ ဦးဆောင်ပေးရန်အတွက် သမ္မတ Pezeshkian နှင့်အတူ ကြိုးပမ်းသွားလိုပါကြောင်း ဖော်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်သည် အီရန်နိုင်ငံ အရွေးခံသမ္မတ Masoud Pezeshkian အား ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့