သမ္မတရှီကျင့်ဖိန်၏ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အာစတာနာထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၌ တရားဝင် ခရီးလှည့်လည်မှုကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်သော ဝမ်ယိ၏ပြောဆိုချက်

အရင်းအမြစ်:CRI   |    2024-07-09 15:09:01

၂၀၂၄ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အာစတာနာမြို့၌ ကျင်းပသော ၂၄ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ကောင်စီ အစည်းအဝေးသို့ တက်ရောက်ပြီး ဖိတ်ကြားချက်အရ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၌ တရားဝင် ခရီးလှည့်လည်ခဲ့ကြောင်း၊ ယင်းခရီးစဉ်အပြီးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သတင်းထောက်များအား ယင်းခရီးစဉ်၏အကြောင်းအရာကို မိတ်ဆက်ပေးခဲ့ပါသည်။

တရုတ်ပြည်တွင်းပြည်ပ၌ များစွာအာရုံစူးစိုက်မှုရှိပြီး ယင်းခရီးစဉ်သည် ကမ္ဘာ့အခြေအနေ ပြောင်းလဲမှုဖြစ်စဉ်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အရေးကြီး အခန်းကဏ္ဍကို တိုးမြှင့်ခဲ့ပြီး တစ်နေ့တခြား မြင့်မားလာနေသော တရုတ်နိုင်ငံ၏ နိုင်ငံတကာ အဆင့်နေရာ နှင့်ဩဇာညောင်းမှုကို အပြည့်အဝဖော်ပြထားကာ သမ္မတရှီကျင့်ဖိန်မှ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနာဂတ်ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာလမ်းညွှန်ချက် ပေးခြင်းသည် နိုင်ငံကြီးနှင့်ပါတီကြီး၏ ခေါင်းဆောင်မှုနှင့်ဂုဏ်သိက္ခာမြင့်မားမှုကို ပြသထားသည်ဟု ယူဆကြကြောင်း ဝမ်ယိက ပြောကြားခဲ့ပါသည်။

သမ္မတရှီကျင့်ဖိန်၏ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အာစတာနာထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၌ တရားဝင် ခရီးလှည့်လည်မှုကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်သော ဝမ်ယိ၏ပြောဆိုချက်