ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ ဒု သမ္မတ Alckmin နှင့် တွေ့ဆုံ

အရင်းအမြစ်:CRI   |    2024-06-11 18:10:31

ယခုလ ၇ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်နေသော ဘရာဇီးနိုင်ငံဒုသမ္မတ Alckmin နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေနှင့် ဘရာဇီးနိုင်ငံနှင့်အတူ ဆက်လက် ပြီး အမြော်အမြင် ရှိရှိဖြင့် နှစ်ဖက်ဆက်ဆံမှုကို ဗျူဟာကျကျ စီမံ ပေးပြီး တရုတ်-ဘရာဇီး ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရန် ရေရှည် ရည်မှန်းချက်ကို ထားရှိ ကာ၊ တရုတ်-ဘရာဇီး အဆင့်မြင့်ညှိနှိုင်းဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ အခန်းကဏ္ဍကို အပြည့်အဝ ပြသ၍ အစဉ်အလာ ရှိသော နယ်ပယ်များ၌ ပူးပေါင်း ဆောင်ရွက်မှုများ ကို ခိုင်မာစေအောင် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

Alckminက ဘရာဇီးနိုင်ငံအနေနှင့် တရုတ်နိုင်ငံနှင့်အတူ နှစ်ဖက်နှင့် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ပြီး နှစ်နိုင်ငံဆက်ဆံမှုကို အဆင့်သစ်သို့ တိုးမြှင့်ရန် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ ဒု သမ္မတ Alckmin နှင့် တွေ့ဆုံ