သမ္မတရှီကျင့်ဖိန်၏ဆောင်းပါးကို "Qiushi" မဂ္ဂဇင်းတွင် ဖော် ပြ
အရင်းအမြစ်:CRI |
2024-06-03 11:47:46
ဇွန်လ ၁ ရက်နေ့တွင် ထုတ်ဝေသည့် “Qiushi” မဂ္ဂဇင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ရေးသားသော "အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုး တိုးတက်ရေးသည် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် လိုအပ်ချက်နှင့် အရေးကြီးသော အာရုံစိုက်ရာဖြစ်သည်" ဟူသော ဆောင်းပါးကို ဖော်ပြခဲ့ပါသည်။
အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား၏ ထူးခြားချက်ဝိသေသမှာ ဆန်းသစ်တီထွင်မှုဖြစ်ပြီး နည်းပညာနှင့် လုပ်ငန်းပုံစံ ဆန်းသစ်တီထွင်မှု၊ စီမံခန့်ခွဲမှုနှင့် စနစ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတို့ ပါဝင်ကြောင်း ဆောင်းပါးတွင် ထောက်ပြထားသည်။