ရှီကျင့်ဖိန်သည် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့လုံခြုံရေးလုပ်ငန်းအစည်းအဝေးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံနှုတ်ဆက်

အရင်းအမြစ်:CRI   |    2024-05-31 11:40:02

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မေလ ၂၈ ရက်နေ့ညနေပိုင်းက ဘေကျင်းမြို့ရှိ ပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့လုံခြုံရေးလုပ်ငန်းအစည်းအဝေးမှ ကိုယ်စားလှယ် များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ရှီကျင့်ဖိန်က ပြည်သူ့လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အရန်ရဲတပ်ဖွဲ့ဝင်များအား ပြည်သူ့ လုံခြုံရေးလုပ်ငန်း၏ ခေတ်မီတိုးတက်ရေးကို တွန်းအားပေးပြီး အင်အားတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည် ရှင်သန်ရေး အတွက် ပိုမို အကျိုးပြုစွမ်းဆောင်ရန် အားပေးတိုက်တွန်းခဲ့ပါသည်။

ရှီကျင့်ဖိန်သည် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့လုံခြုံရေးလုပ်ငန်းအစည်းအဝေးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံနှုတ်ဆက်