ရှီကျင့်ဖိန်သည် လုပ်ငန်းကုမ္ပဏီများနှင့် ကျွမ်းကျင်ပညာရှင်များ ဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ရာ တရုတ်အသွင်ပုံစံ ခေတ်မီရေး တိုးမြှင့်ခြင်းဆောင်ပုဒ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရမည်ဟုဆို
အရင်းအမြစ်:CRI |
2024-05-24 11:30:45
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် လုပ်ငန်းကုမ္ပဏီများနှင့် ကျွမ်းကျင်ပညာရှင်များ ဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ရာ တရုတ်အသွင်ပုံစံ ခေတ်မီရေး တိုးမြှင့်ခြင်းဆောင်ပုဒ်နှင့်အညီ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရမည်ဟု အလေးပေး ပြောကြားခဲ့သည်။ ဝမ်ဟုနင်နှင့် ဆိုက်ချီတို့သည်လည်း ယခုအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။