ရှီကျင့်ဖိန်သည် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး အရေးကြီးသော ညွှန်ကြားချက်များ ပြောကြား
မကြာခင်ရက်များက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ခရီးသွား လုပ်ငန်းနှင့်ပတ်သက်ပြီး အရေးကြီးသော ညွှန်ကြားချက်များ ပြောကြားခဲ့ရာ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး မူဝါဒ ကျင့်သုံးခဲ့သည့်နောက်ပိုင်း အထူးသဖြင့် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း တရုတ်ပြည် ခရီးသွားလုပ်ငန်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကာ ကမ္ဘာ့ အကြီးဆုံး ပြည်တွင်း ခရီးသွား ဈေးကွက် ဖြစ်လာနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာ ခရီးသွားများ အများဆုံးသော ထွက်ခွာရာနေရာနှင့် အဓိက သွားရောက်ရာ နေရာ ဖြစ်လာနေပြီဖြစ်ကြောင်း၊ ထွန်းသစ်စ မဟာဗျူဟာမြောက် ကျောရိုးမဏ္ဍိုင် လုပ်ငန်း၊ ခေတ်ကာလ၏ ထူးခြားချက် ဝိသေသ ပါရှိသော ပြည်သူ အသက်မွေးဝမ်းကြောင်း လုပ်ငန်း နှင့် ချမ်းသာပျော်ရွှင်မှု လုပ်ငန်း ဖြစ်လာပါကြောင်း၊ ထူးခြားချက် ဝိသေသ ပါရှိသော တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို အောင်မြင်စွာ လျှောက်လှမ်းလာနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ခေတ်သစ်နှင့် ခရီးသစ်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် အခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နေရကြောင်း၊ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားပြီး ခေတ်မီသော ခရီးသွားလုပ်ငန်း စည်းစနစ် တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်သွားကာ အားကောင်းသော ခရီးသွားနိုင်ငံ အဖြစ် ပိုမို လျင်မြန်စွာ တည်ဆောက်ရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ သည်။