ရှီကျင့်ဖိန်သည် ၃၃ ကြိမ်မြောက် အာရပ်နိုင်ငံများ မဟာမိတ်အဖွဲ့ ထိပ်သီး ကောင်စီ အစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့
		အရင်းအမြစ်:CRI   |   
			2024-05-17 11:43:44
		ယခုလ ၁၆ ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အာရပ်နိုင်ငံများ မဟာမိတ်အဖွဲ့ ထိပ်သီး ကောင်စီ အစည်းအဝေး အလှည့်ကျ သဘာပတိ၊ ဘာရိန်း နိုင်ငံ ဘုရင် Hamadထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပြီး ၃၃ ကြိမ်မြောက် အာရပ်နိုင်ငံများ မဟာမိတ်အဖွဲ့ ထိပ်သီး ကောင်စီ အစည်းအဝေး Manamaတွင် ကျင်းပခြင်းကို ဂုဏ်ပြုကြောင်း ဖော်ပြပါသည်။