ပါရီအိုလံပစ်ပွဲတော်ကို အခွင့်အလမ်းတစ်ခုအဖြစ် ယူပြီး အားကစားပွဲတော် အတောအတွင်း တစ်ကမ္ဘာလုံးတွင် အပစ်အခတ်ရပ်စဲရန် တရုတ်နှင့် ပြင်သစ်တို့ အဆိုပြုဟု ရှီကျင့်ဖိန် ဆို
အရင်းအမြစ်:CRI |
2024-05-08 18:17:00
ဒေသစံတော်ချိန် မေလ ၆ ရက်နေ့ ညပိုင်းတွင် ရှီကျင့်ဖိန်သည် ပြင်သစ်သမ္မတ မက်ခရွန် နှင့်အတူ သတင်းထောက်များနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် မတည်မငြိမ် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် တာဝန်ယူတတ်သည့် နိုင်ငံကြီး တစ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသည် ပြင်သစ်နိုင်ငံနှင့်အတူ ပါရီ အိုလံပစ် ပွဲတော်ကို အခွင့်အလမ်းတစ်ခုအဖြစ် ယူပြီး အားကစားပွဲတော် အတောအတွင်း တစ်ကမ္ဘာလုံးတွင် အပစ်အခတ်ရပ်စဲဖို့ အဆိုပြုရန် ဆန္ဒရှိကြောင်း ပြောကြားသည်။