ရှီကျင့်ဖိန်သည် ၁၅ ကြိမ်မြောက် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့

အရင်းအမြစ်:CRI   |    2024-05-06 18:12:21

မေလ ၄ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် Banjul မှာ ကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ သဝဏ်လွှာကို ပေးပို့ပြီး ထောမနာ ပြုခဲ့ပါသည်။

ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် အစ္စလာမ် နိုင်ငံများသည် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများ ဖြစ်ပြီး ချစ်ကြည်ရေး အစဉ်အလာ ကြာမြင့်ပါကြောင်း၊ ယခုနှစ်များတွင် တရုတ်နှင့် အစ္စလာမ်နိုင်ငံများသည် အဓိက အကျိုးစီးပွားနှင့် အရေးကြီး ရေးရာများတွင် အချင်းချင်း ထောက်ခံကြပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှုရလဒ်များစွာ ရရှိကာ ချစ်ကြည်ရေး ဆက်ဆံမှုသည် အဆက်မပြတ် တိုးမြင့် လာ၍ တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး၏ စံနမူနာ ဖြစ်လာပါကြောင်း၊ တရုတ်နိုင်ငံသည် အစ္စလာမ်နိုင်ငံများနှင့်အတူ ချစ်ကြည်ရေး အစဉ်အလာကို ဆက်ခံပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများကို တိုးချဲ့၍ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးအတွက် ဆက်လက် အကျိုးပြုစွမ်းဆောင်လိုပါကြောင်း ဖော်ပြထားပါသည်။

ရှီကျင့်ဖိန်သည် ၁၅ ကြိမ်မြောက် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့