"ရှီကျင့်ဖိန်က Belt and Road အကြောင်း ပြောဆိုခြင်း" အာရပ်ဘာသာဗားရှင်း စာအုပ် မိတ်ဆက်ပွဲကို အဘူဒါဘီ၌ ကျင်းပ

အရင်းအမြစ်:CRI   |    2024-04-30 18:48:47

"ရှီကျင့်ဖိန်က Belt and Road အကြောင်း ပြောဆိုခြင်း" အာရပ်ဘာသာဗားရှင်း စာအုပ် မိတ်ဆက်ပွဲကို ဧပြီလ ၂၉ ရက်နေ့က အာရပ်စော်ဘွားများနိုင်ငံ အဘူဒါဘီ မြို့တော်၌ ကျင်းပခဲ့ရာ တရုတ်နှင့် အာရပ်စော်ဘွားများနိုင်ငံ အလွှာပေါင်းစုံမှ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

ယခုအကြိမ် မိတ်ဆက်ပွဲကို တရုတ်နိုင်ငံခြားဘာသာ ဦးစီးဌာန၊ အာရပ်စော်ဘွားများ နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ဦးစီးကျင်းပခြင်းဖြစ်ပြီး အာရပ်စော်ဘွားများနိုင်ငံ အဘူဒါဘီ အာရပ်ဘာသာစကားစင်တာမှလည်း ပံ့ပိုးကူညီခဲ့သည်ဟု သတင်းရရှိပါသည်။

"ရှီကျင့်ဖိန်က Belt and Road အကြောင်း ပြောဆိုခြင်း" အာရပ်ဘာသာဗားရှင်း စာအုပ် မိတ်ဆက်ပွဲကို အဘူဒါဘီ၌ ကျင်းပ