သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းသည် တပ်မတော်မှ စစ်သည်များအားလုံးကို အားပေး

အရင်းအမြစ်:CRI   |    2024-04-28 18:33:00

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟို စစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဧပြီလ ၂၃ ရက်နေ့က ကြည်းတပ် ဆေးတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စစ်မြေပြင်၊ တပ်ဖွဲ့နှင့် အနာဂတ်ကို ရှေးရှုပြီး ကမ္ဘာ့အဆင့်မီ တပ်မတော် ဆေးတက္ကသိုလ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ တပ်မှူးတပ်သားများသည် သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းကို သင်ယူလေ့လာကြပြီး ခေါင်းဆောင်၏ အားပေးမှုနှင့် ညွှန်ကြားချက်များကို စိတ်ထဲတွင် စွဲစွဲမြဲမြဲ မှတ်သားရမည်ဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုနှင့် စစ်ပြင်ဆင်မှုတို့ကို အဓိကထား လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဆန်းသစ်တီထွင်မှုကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ ဆေးဘက်ဆိုင်ရာ အာမခံပေးနိုင်စွမ်းများကို ဘက်စုံ မြှင့်တင်မည်ဖြစ်ကြောင်း၊ တပ်မတော် ကြံခိုင်ရေးနှင့် စစ်ပွဲအနိုင်ရရှိရေးအတွက် အားကောင်းစွာ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဖော်ပြကြသည်။

သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းသည် တပ်မတော်မှ စစ်သည်များအားလုံးကို အားပေး