ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ပြီး ချုံချင့်မြို့တွင် တရုတ်အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည်ဟု ရှီကျင့်ဖိန် ဆို

အရင်းအမြစ်:CRI   |    2024-04-25 18:26:00

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက ချုံချင့်မြို့၌ လေ့လာ ကြည့်ရှုရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ပြီး ချုံချင့်မြို့တွင် တရုတ်အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဧပြီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရှီကျင့်ဖိန်သည် ချုံချင့်မြို့ရှိ ကုန်စည်ပို့ဆောင်ရေးဇုန်၊ လူနေရပ်ကွက်၊ ဒစ်ဂျစ်တယ် မြို့ပြ လည်ပတ်ရေးနှင့် စီမံခန့်ခွဲရေး စင်တာ စသည့်နေရာများသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။

ချုံချင့်မြို့ မင်ကျူချွင် လူနေရပ်ကွက်၌ လေ့လာကြည့်ရှုရာတွင် ရှီကျင့်ဖိန်က တရုတ်အသွင်ပုံစံခေတ်မီရေး ဖော်ဆောင်ရာမှာ ပြည်သူလူထုများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်ခြင်းသည် အရေးအကြီးဆုံး ဖြစ်ပြီး ပါတီနှင့် အစိုးရ၏ လုပ်ငန်း အားလုံးသည် ပြည်သူလူထုများ ပိုမို ချမ်းသာသော နေထိုင်မှုဘဝ ရရှိစေရန်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ပြီး ချုံချင့်မြို့တွင် တရုတ်အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည်ဟု ရှီကျင့်ဖိန် ဆို