ရှီကျင့်ဖိန်သည် ကြည်းတပ်ဆေးတက္ကသိုလ်ကို ကြည့်ရှုစစ်ဆေး
အရင်းအမြစ်:CRI |
2024-04-25 18:25:00
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟို စစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဧပြီလ ၂၃ ရက်နေ့က ကြည်းတပ် ဆေးတက္ကသိုလ်သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှီကျင့်ဖိန်က ခေတ်သစ်တွင် တပ်မတော် အင်အား တောက်တင်ရေး အတွေးအခေါ်ကို အလေးအနက် ဖော်ဆောင်ပြီး ခေတ်သစ်တွင် စစ်ဘက်ဆိုင်ရာပညာရေးမူဝါဒများကို ဘက်စုံအကောင်အထည်ဖော်ရ မည်ဖြစ်ကြောင်း၊ စစ်မြေပြင်၊ တပ်ဖွဲ့နှင့် အနာဂတ်ကို ရင်ဆိုင်ပြီး ပညာသင်ကြားပေးရေး အရည်အချင်းနှင့် ထောက်ပံ့ရေး စွမ်းရည်များ တိုးမြှင့်ပြီး ကမ္ဘာ့အဆင့်မီ တပ်မတော် ဆေးတက္ကသိုလ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။