ရှီကျင့်ဖိန်သည် သမ္မတအမိန့်အမှတ် ၂၁ ကို လက်မှတ်ရေးထိုး
အရင်းအမြစ်:CRI |
2024-03-12 18:45:56
မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် သမ္မတအမိန့်အမှတ် ၂၁ ကို လက်မှတ်ရေးထိုးခဲ့သည်။ သမ္မတအမိန့်အမှတ် ၂၁ အရ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က “နိုင်ငံတော်ကောင်စီ ဖွဲ့စည်းပုံဥပဒေ” ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြင်ဆင် အတည်ပြု ခဲ့ ပြီး ပြဋ္ဌာန်းသည့်နေ့မှ စတင်၍ အသက်ဝင်မည်ဖြစ်သည်။