ကမ္ဘာ့စျေးကွက် ထောက်ပံ့မှုစုစုပေါင်းပမာဏ၏ ဆယ်ပုံတစ်ပုံရှိ စတာဂျီယွန်ငါးဥ ကာဗီယာများ ထုတ်လုပ်ရာနေရာသည် ယူနန်ပြည်နယ်ဖြစ်သည်

အရင်းအမြစ်:ဆင်ဟွာသတင်းကွန်ရက်   |    2024-12-05 15:17:00

ကမ္ဘာ့စျေးကွက် ထောက်ပံ့မှုစုစုပေါင်းပမာဏ၏ ဆယ်ပုံတစ်ပုံရှိ စတာဂျီယွန်ငါးဥ ကာဗီယာများ ထုတ်လုပ်ရာနေရာသည် ယူနန်ပြည်နယ် ချူကျင့်မြို့ ဟွေကျဲ့ခရိုင်တွင် တည်ရှိနေသည်ကို သင်ဘယ်တော့မှ ခန့်မှန်းမိမည်မဟုတ်ပေ။

၁၀ နှစ်ကျော်ကာလအတွင်း ဤနေရာတွင် ရေချိုငါးမွေးမြူရေးဧရိယာသည် သုညမှ တရုတ်ဧက ၇၀၀ ကျော်အထိ တိုးများလာပြီး နှစ်စဉ် ရေအေးငါးတန်ချိန် ၉၀၀၀ ကျော် ထွက်ရှိသည်။

ထိုမျှမကဘဲ ဒေသခံများသည် အိမ်အနီးအနားတွင် အလုပ်အကိုင်ရရှိနိုင်သည့် အိပ်မက်ကို အကောင်အထည်ပေါ်စေရန် အထောက်အကူပြုသည်။ လက်ရှိအချိန်တွင် ဟွေကျဲ့ခရိုင်သည် နှစ်စဉ် ကာဗီယာ တန်ချိန် ၂၀ ကျော် ထုတ်လုပ်နေပြီး နိုင်ငံနှင့် ဒေသ ၉ ခုသို့ တင်ပို့ရောင်းချလျက်ရှိကာ နှစ်စဥ်ရောင်းရငွေမှာ ယွမ်သန်း ၁၀၀ ကျော်ရှိသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ကမ္ဘာ့စျေးကွက် ထောက်ပံ့မှုစုစုပေါင်းပမာဏ၏ ဆယ်ပုံတစ်ပုံရှိ စတာဂျီယွန်ငါးဥ ကာဗီယာများ ထုတ်လုပ်ရာနေရာသည် ယူနန်ပြည်နယ်ဖြစ်သည်