ယူနန်ပြည်နယ် ယွိရှီးမြို့ ရှင်ဖိန်ခရိုင်တွင် ချိုမြိန်သော ကျောက်သကြားလိမ္မော်သီးများအား စျေးကွက်တွင် တင်ပို့ရောင်းချလျက်ရှိ

အရင်းအမြစ်:ယူနန်နေ့စဥ်သတင်းစာ   |    2024-11-28 15:53:00

ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ယွိရှီးမြို့ ရှင်ဖိန်ခရိုင် လင်ရှိန်ယွမ်ကုန်သွယ်ရေးကုမ္ပဏီလီမိတက်၏ အခွံပွလိမ္မော်သီးစိုက်ပျိုးရေးအခြေစိုက်စခန်းတွင် တောင်သူလယ်သမားများသည် ကျောက်သကြားလိမ္မော်သီးများကို ဆွတ်ခူးလျက်ရှိသည်။

အဆိုပါစိုက်ပျိုးရေးအခြေစိုက်စခန်း၏ အကျယ်အဝန်းမှာ ၃၇၅ တရုတ်ဧကရှိပြီး လိမ္မော်သီးပင် ၃၆၀၀၀ ပင်ကို စိုက်ပျိုးထားပါသည်။ ၂၀၂၄ ခုနှစ် ရှင်ဖိန်ခရိုင်တွင် လိမ္မော်သီး စုစုပေါင်း တရုတ်ဧက ၁၉၁၈၀၀ စိုက်ပျိုးကာ ခန့်မှန်းချက်အရ အထွက်နှုန်းမှာ တန်ချိန် ၄ သိန်းကျော်ရှိပြီး ထွက်ရှိမှုတန်ဖိုးမှာ ယွမ် ၂ ဘီလီယံ ကျော်ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ယူနန်နေ့စဥ်သတင်းစာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ယူနန်ပြည်နယ် ယွိရှီးမြို့ ရှင်ဖိန်ခရိုင်တွင် ချိုမြိန်သော ကျောက်သကြားလိမ္မော်သီးများအား စျေးကွက်တွင် တင်ပို့ရောင်းချလျက်ရှိ