တရုတ်ပြည်တွင်းစိုက်ပျိုးသော ဒူးရင်းသီးများ တရုတ်-မြန်မာ နယ်စပ်ရင်ကျန်းခရိုင်တွင် အသီး ထပ်မံသီးခဲ့

အရင်းအမြစ်:ရင်ကျန်းခရိုင်မီဒီယာစင်တာ   |    2024-10-28 16:29:11

တရုတ်-မြန်မာနယ်စပ် တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျန်းခရိုင် နဘန်းကျေးရွာရှိ ဒူးရင်းသီးပင်များတွင် အသီးများ ထပ်မံသီးခဲ့သည်။ ဒူးရင်းသီး၏ အရွယ်အစားသည် အရွယ်ရောက်ပြီးသူ၏ လက်ဖဝါးထက် ကျော်လွန်ပြီး အလတ်စား အသီးမှာ ၁.၅ မှ ၂.၅ ကီလိုဂရမ်ခန့်ရှိသည်။ ဒူးရင်းသီးမှည့်သည် အနံ့ ကြွယ်ဝသည်။ ချိုမြိန်ပြီး ဖယောင်းသားကဲ့သို့ ပျော့ပျောင်းကာ အရသာထူးကဲသည်။

ဒူးရင်းပင်သည် သက်တမ်းနှစ် ၂၀ ကျော်ရှိပြီး အသီးအနှံအမျိုးအစားသည် Chanee ဖြစ်ကာ ရှင်သန်ကြီးထွားသောပတ်ဝန်းကျင်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၂၀ ခန့်တွင်ရှိကြောင်း သိရှိရပါသည်။

နဘန်းကျေးရွာရှိ ဒူးရင်းပင်သည် အောင်မြင်စွာ အသီးပြန်သီးလာသောကြောင့် နဘန်းကျေးရွာ၏ သဘာဝပတ်ဝန်းကျင် အခြေအနေသည် ဒူးရင်းကြီးထွားမှုအတွက် သင့်လျော်ပြီး စိုက်ပျိုးမှုကို မြှင့်တင်နိုင်သည့် အလားအလာရှိကြောင်း ပြသနေတော့သည်။

ဆောင်းပါးအရင်းအမြစ် ။ ။ ရင်ကျန်းခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

တရုတ်ပြည်တွင်းစိုက်ပျိုးသော ဒူးရင်းသီးများ တရုတ်-မြန်မာ နယ်စပ်ရင်ကျန်းခရိုင်တွင် အသီး ထပ်မံသီးခဲ့