စပါးခင်းက ငါးကန်ဖြစ်သွားခဲ့သော တရုတ်-မြန်မာ နယ်စပ် မန်စီမြို့တွင် စပါးပန်းငါးသားပေါက် ၃.၅ သောင်းကီလိုဂရမ်ကို အခမဲ့ ဖြန့်ဝေခဲ့
နွေရာသီတွင် တရုတ်-မြန်မာ နယ်စပ် မန်စီမြို့၌ တရုတ်ဧက သောင်းနှင့်ချီသော စပါးများ ကြီးထွားစွာ ရှင်သန်လျက်ရှိပါသည်။ စပါးပန်းငါးသားပေါက်များအား စပါးခင်းတွင် ထည့်သွင်းရန် အချိန်ကောင်းဖြစ်ပါသည်။ ဇူလိုင် ၂၉ ရက် နေ့လည်ခင်းတွင် ဒေသခံရွာသူရွာသားများသည် ငါးသားပေါက်များအား အခမဲ့ လက်ခံရရှိခဲ့ကြပါသည်။
“အရင်တုန်းက ကျွန်တော်က ငါးသားပေါက်တွေကို ကိုယ်တိုင်ဝယ်ခဲ့တာပါ။ ဒီနှစ်မှာတော့ ကျွန်တော်က ငါးသားပေါက်တွေကို အခမဲ့ ရရှိခဲ့ပါတယ်။ အလွန်ပဲ ဝမ်းသာဝမ်းမြောက်ဖြစ်မိပါတယ်။” ရွာသား ဝမ်ရွှင့်လျိုက မကြာသေးမီက ရရှိသခဲ့ည့် ငါးသားပေါက် ၃၀ ကီလိုဂရမ်ကို စပါးခင်းအတွင်း ထည့်သွင်းလိုက်ပါသည်။ နောက်နှစ်တွင် စပါးနှင့် ငါး အထွက်ကောင်းရရှိနိုင်ရန် ပျော်ရွှင့်စွာ စောင့်မျှော်နေသည်။
ယခုနှစ်တွင် မန်စီမြို့သည် ၄.၅ သောင်း ကီလိုဂရမ် ငါးသားပေါက်များကို အခမဲ့ဖြန့်ဝေရန် စီစဥ်ထားကာ လက်ရှိအချိန်တွင် ၃.၅ သောင်းကီလိုဂရမ်ကို အခမဲ့ ဖြန့်ဝေပြီးဖြစ်ပါသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ မန်စီမြို့မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဒေါက်တာထိုက်လွင်ကို(မြန်မာနိုင်ငံသား)